Wednesday, 29 June 2016

တိုင်းရင်းသား နိုင်ငံရေးပါတီများဘာလဲ

ပြောမယ်ဆိုရင်လည်းပြောစရာ ဖြစ်ပါတယ်။ ၂၀၁၅ နိုဝင်ဘာရွေး ကောက်ပွဲနောက်ပိုင်းမှာ တိုင်းရင်း သားနိုင်ငံရေးပါတီတွေကိစ္စကို ပြန်ပြီး ဆန်းစစ်ကြည့်ဖို့ လိုလာ တယ်လို့မြင်ကြပါတယ်။ တိုင်း ရင်းသားနိုင်ငံရေး ပါတီတွေဟာ သူတို့နဲ့ သက်ဆိုင်ရာပြည်နယ် တွေမှာ အပိုင်သဘောမျိုးနဲ့ ရွေး ကောက်ပွဲမှာ အားကြိုးမာန်တက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပေမယ့် လည်း မထင်မှတ်နိုင်လောက် အောင် ခွက်ခွက်လန်အရှုံးနဲ့ ရင် ဆိုင်ခဲ့ကြရတာ အများသိပြီးဖြစ် ပါတယ်။ တချို့ဆိုရင် စိတ်ကူးထဲ မှာ တိုက်အိမ်ဆောက်သလိုမျိုး ကိုယ့်ကိုယ်ကိုယ် ငါဘာဖြစ်လိမ့် မယ်၊ ညာဖြစ်လိမ့်မယ်ဆိုတဲ့ စိတ် ကူးမျှော်လင့်ချက်တွေကိုတောင် ထုတ်ပြောခဲ့ကြတယ်။ ကြိုတင်သ ဘောတူညီချက်တွေကို အောင့်မ ထားနိုင်ဘဲ ထုတ်ပြောခဲ့ကြတယ်။ ဒါပေမဲ့အများထင်ထားသလိုမျိုး လုံးဝမဖြစ်ခဲ့ဘဲ မျှော်လင့်ထားတာ ထက်ကို အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်က အနိုင်ရသွားခဲ့တာဖြစ် ပါတယ်။ တိုင်းရင်းသားဒေသတွေ မှာ အရင်ကအစဉ်အလာမရှိခဲ့တဲ့ နေရာတွေမှာတောင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒေသခံ တိုင်းရင်းသားပါတီတွေကို အနိုင် ယူသွားခဲ့တာလည်း အားလုံးသိကြတဲ့အတိုင်းပါပဲ။ နိုင်သွားတဲ့တချို့ဒေသတွေဆို မြန်မာစာမပြောနဲ့ မြန်မာစကားတောင် ကောင်းကောင်း သိတဲ့ဒေသတွေမဟုတ်ပါဘူး။ ဒါပေမဲ့လည်း အင်န်အယ်လ်ဒီနိုင်ခဲ့တာပါပဲ။ ဒါကြောင့်အဲဒီလို နိုင်လိုက်တာကို ကျွန်တော်က အင်န်အယ်လ်ဒီဆူနာမီလှိုင်းကြီးဆိုပြီး တင်စားနှိုင်းယှဉ်ပြောခဲ့ရတာပါ။
 အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလူမျိုးစု နိုင်ငံရေးသ မားအတော်များများကလည်းပြန် ပြီးတော့ ဆန်းစစ်နေကြတယ်လို့ ကြားသိရပေမယ့် လက်တွေ့မှာ တော့ သုံးသပ်ချက်တွေကို အခု ထိမတွေ့မိသေးပါဘူး။ အားလုံး က ခြေကုန်လက်ပန်းကျနေကြသ လားတော့ မသိပါ။ လှုပ်လှုပ်ရှား ရှားလည်း သိပ်မတွေ့ရပါဘူး။လွန်ခဲ့တဲ့ ရက်ပိုင်းသတင်းတွေအရဆိုရင် ရခိုင်ဘက်မှာ နိုင်ငံရေးသုံးသပ်ချက်တွေ၊ ကိုယ့်ကိုယ်ကိုယ်ဝေဖန်ရေးတွေအစား အချင်းချင်းဖြစ်တဲ့ ပြဿနာတွေက ရှေ့တန်းကို ရောက်နေတာတွေ့ရပါတယ်။ ကရင်ပြည်နယ်ဘက်မှာတော့ က ရင်ငါးပါတီဆွေးနွေးကြပြီး ကရင် ပါတီတစ်ခုတည်းအဖြစ် ပူးပေါင်း ဖို့ကြိုးပမ်းနေ ကြတာတွေ့ရပါ တယ်။ အတော်လည်းအဆင်ပြေ တယ်လို့ပြောပေမယ့်ဆက်လုပ်စ ရာတွေက အများကြီးကျန်ပါသေး တယ်။ ချင်းပြည်နယ်ဘက်မှာ လည်းချင်းနိုင်ငံရေးပါတီတွေသိပ် ကိုများနေလို့ သူတို့တစ်တွေ လည်း တစုတစည်းတည်းဖြစ် အောင် ညှိနှိုင်းဆွေးနွေးနေကြတာ ကို တွေ့နေရပါတယ်။ ဒါပေမဲ့ အဲ ဒီအထဲမှာ ဇိုမီးပါတီက မပါပြန်ပါ ဘူး။ ကရင်ပြည်နယ်ဘက်မှာ လည်း အလားတူအသံတွေကြား နေရပါတယ်။

 ရှမ်းတွေလည်းပဲနှစ်ပါတီ ပေါင်းစည်းရေးကို ကြိုးစားရင်း ဝေးသထက်ဝေးနေကြတာတွေ့ရ မှာပါ။ မွန်မှာကျတော့ နှစ်ပါတီ ပေါင်းစည်းရေးက မအောင်မြင် လိုက်ဘူးလို့ ပြောရမှာဖြစ်ပါတယ်။ မူလ ၁၉၈၈ကဖွဲ့စည်းခဲ့တဲ့ သမိုင်းဝင်နာမည်ဖြစ်တဲ့ ‘‘မွန်အမျိုးသားဒီမိုကရေစီအဖွဲ့’’နာမည်ကို မွန်အမျိုးသားပါတီအဖြစ် ပြောင်းလဲပေးခဲ့ပေမယ့်လည်း ပေါင်းစည်းရေးက အပြီးသတ်မှာအောင်မြင်မှုမရခဲ့ပြန်ပါဘူး။ တ ခြားတခြားလူမျိုးစုတွေမှာလည်း ပေါင်းစည်းရေးတွေကို ကြိုးပမ်းနေကြတာတွေကို တွေ့မြင်နိုင်ပါလိမ့်မယ်။
ပြီးတော့ ပေါင်းစည်းခဲ့ကြတဲ့ ပါတီတွေထဲမှာလည်း ပေါင်းစည်း စကလို မဟုတ်တော့ဘဲ ပါတီ တွင်းမှာ တစ်ဦးနဲ့တစ်ဦးအစေးမ ကပ်ကြတော့ဘဲ ပါတီတွင်း ညီ ညွတ်ရေးကို ခြိမ်းခြောက်ခံနေရ တာတွေလည်းရှိလာပါတယ်။
အထူးသဖြင့် သိသိသာသာ ထင်ထင်ရှားရှား ဖြစ်ခဲ့တာက တော့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေ ကွဲပြားနေခြင်းဖြစ်ပါ တယ်။ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာ မိတ်(UNA)နဲ့ ညီနောင်တိုင်းရင်း သားပါတီများ ဖက်ဒရေးရှင်း (NBF)ဆိုတဲ့ အုပ်စုကြီးတွေ ကွဲ ပြားနေကြတာပါ။ တချို့ကတော့ ၁၉၉၀ပြည့်နှစ်က ပါတီတွေနဲ့ ဖွဲ့ စည်းခဲ့တဲ့ (UNA)အုပ်စုနဲ့ ၂၀၁၀ ပြည့်နှစ်က ပါတီတွေနဲ့ ဖွဲ့စည်းခဲ့ တဲ့ (NBF)အုပ်စုဆိုပြီး ခေါ်ဝေါ်ကြ တာလည်းရှိပါတယ်။ ဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥ ပဒေအပေါ်မှာလည်းအမြင်တွေ က မတူကြပါဘူး။။ အထင်ကရ နိုင်ငံရေးပါတီကြီးတစ်ခုရဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်တစ် ဦးကဆိုရင် ‘‘ခင်ဗျားတို့ တိုင်းရင်း သားတွေ နှစ်ခြမ်းဖြစ်နေပြီးအယူ အဆနှစ်မျိုးဖြစ်နေတာကိုတစ်မျိုး တည်းဖြစ်အောင်လုပ်လာခဲ့ပါ။ ကျွန်တော်တို့ပါတီက အဲဒီတစ်သံ တည်းကိုထောက်ခံလိုက်မယ်’’ဆို ပြီးတော့ အမြဲလိုလိုပြောလေ့ရှိခဲ့ ပါတယ်။ လှောင်ပြောင်ချင်တဲ့ လေသံမျိုးလို့ဆိုရင်လည်း မမှား လောက်ဘူးထင်ပါတယ်။ တ ကယ်တမ်းစိစစ်ကြည့်လိုက်တော့ လည်း တခြားကိစ္စတွေမှာ ဖြစ် ကောင်းဖြစ်နိုင်ပေမယ့် နိုင်ငံရေး ကိစ္စတွေမှာတော့ သူပြောသလို ဖြစ်ဖို့က သိပ်လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အဲဒီလိုပြောခဲ့တဲ့ ပုဂ္ဂိုလ်ဟာ ဘယ်သူမှန်ပြီး ဘယ် သူမှားတယ်ဆိုတာကိုမဆုံးဖြတ် တတ်တာကြောင့် အဲဒီလိုပြော တယ်လို့ ယူဆရပါတယ်။
ဒီနေရာမှာ ဒေါ်အောင်ဆန်း စုကြည်ပြောပြောနေတဲ့ စကားရှိ ပါတယ်။ ၁၉၉၀ နောက်ပိုင်း မိုး ထဲလေထဲမုန်တိုင်းထန်ချိန်မှာ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လက်တွဲမဖြုတ်စတမ်း ခါးစည်းခံခဲ့ကြတဲ့ သစ္စာရှိတိုင်းရင်းသားနိုင်ငံ ရေးပါတီတွေကို သူမအထူးကျေး ဇူးတင်ကြောင်း၊ အထူးသဖြင့် CRPPမှာ ပါဝင်ပြီး စွဲစွဲမြဲမြဲလက် တွဲခဲ့တဲ့ ပါတီတွေ၊ ပုဂ္ဂိုလ်တွေဟာ အများကြီး အနစ်နာခံခဲ့သူတွေ ဖြစ်ပါတယ်ဆိုပြီး မကြာခဏ ထုတ်ဖော်ပြောလေ့ရှိပါတယ်။
အလွန်မှန်ပါတယ်။ အကျိုး စီးပွားမပါဘဲအများကြီးအနစ်နာ ခံခဲ့ကြပါတယ်။
ကျွန်တော်ပြောချင်တာက အခုလောက်ပြောတာထက်ကိုအ များကြီး ပိုအနစ်နာခံခဲ့ရတဲ့အ ကြောင်းဖြစ်ပါတယ်။ မပြီးဆုံးနိုင် လောက်အောင် ဆက်ပြီးဆက်ပြီး နစ်နာနေရဆဲလည်းဖြစ်ပါတယ်။
၂၀၀၄ စောစောပိုင်းမှာကျွန် တော်တို့ရှမ်းခေါင်းဆောင်တွေကို  အစိုးရက ဖမ်းပြီးထောင်ချလိုက် ကြပါတယ်။ ဒါပေမဲ့ UNAအနေနဲ့ မရပ်မနားဘဲ တောက်လျှောက် ဆက်လက်လှုပ်ရှားနေခဲ့တယ်။အ ထူးသဖြင့် မွန်၊ ရခိုင်၊ ဇိုမီးနဲ့ ရှမ်း ပါတီတွေဖြစ်ပါတယ်။ ၂၀၀၈မှာ အခြေခံဥပဒေ ဆန္ဒခံယူပွဲမှာလည်း ဆန့်ကျင်မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။ No Voteလှုပ်ရှားမှု တွေကိုလည်း လုပ်ခဲ့ကြပါတယ်။ ၂၀၁၀မှာကျတော့ SNLDအဖွဲ့အနေနဲ့ သူတို့ခေါင်းဆောင်တွေကို အစိုးရက ဖမ်းထားတာကြောင့် အဲဒီတုန်းက ကျင်းပတဲ့ ၂၀၁၀ရွေး ကောက်ပွဲကို မ၀င်ဖို့ဆုံးဖြတ်ခဲ့ကြ တယ်။ UNAမဟာမိတ်တွေဖြစ် ကြတဲ့ ဇိုမီး၊ ရခိုင်နဲ့ မွန်ပါတီတွေ ကလည်း SNLD ကို ထောက်ခံတဲ့ အနေနဲ့ ရွေးကောက်ပွဲကို ဆန့် ကျင်ပြီး မ၀င်ကြတော့ပါဘူး။တစ် နည်းအားဖြင့် ပါတီမှတ်ပုံတင် ထားတာတွေကို ပယ်ဖျက်ခံလိုက် ကြရတာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကလည်း အဲဒီတုန်းက ၂၀၁၀ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး မ၀င်ခဲ့ပါဘူး။ အဲဒီအခြေအနေ မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကနေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအဖြစ်ကို ပြောင်းလဲခဲ့တယ်။ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ထားတဲ့ ပြည်ခိုင်ဖြိုးပါတီအဖို့ ပြိုင်ဘက်ပါတီက လောက်လောက်လားလား မရှိတော့ဘူးဖြစ်သွားခဲ့တယ်။ တစ်ကိုယ်တည်း ပြိုင်ပွဲဝင်ပြီးတစ်ကိုယ်တည်းအောင်ပွဲဆင်ဖို့ဆိုတာ အမြင်မတင့်တယ်ဘူးဖြစ်ပါတယ်။ အဲဒီအချိန်မှာ ရွေးကောက်ပွဲကျင်းပတာကို အကောင်းမြင်ပြီး ထောက်ခံတဲ့ အင်အားစုတစ်ခုရှိခဲ့တယ်။ အဲဒီအင်အားစုကနေပြီး ရွေးကောက်ပွဲကျင်းပတာကို ထောက်ခံတဲ့ အသိုက်အ၀န်းထဲက လူတွေကို နိုင်ငံရေးပါတီသစ်ထူထောင်ပြီး ရွေးကောက်ပွဲဝင်နိုင်အောင် အားပေးအားမြှောက်ကူညီခဲ့တယ်။ ဒါတင်မကဘဲ တိုင်းရင်းသားနိုင်ငံရေးပါတီအသစ်တွေ ပေါ်ပေါက်လာအောင်အပူတပြင်းကြိုးစားထူထောင်ပေးခဲ့ကြတယ်။ ပါတီဖွဲ့စည်းနိုင်အောင် အစစအရာရာအကူအညီတွေပေးခဲ့ကြတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ယှဉ်ပြိုင်ဘက်တွေရှိနေစေဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း နိုင်ငံရေးပါတီထူထောင်ဖို့ဆိုတာ ငွေကြေးမပြည့်စုံရင် အတော်ခက်တယ်ဆိုတာကို သူတို့သိထားတော့ အဲဒီအင်အားစုတွေကပဲ ငွေကြေးအတော်များများထုတ်ပေးပြီး တိုင်းရင်းသားပါတီသစ်တွေ ထူထောင်နိုင်အောင် ကူညီခဲ့ကြတယ်။ နောင်တစ်ချိန်ကျတော့ အဲဒီအကြောင်းတွေကို ငွေထုတ်ပေးခဲ့တဲ့သူက ထုတ်ဖော်ပြောဆိုလိုက်တဲ့အတွက် ထောက်ပံ့ကြေးရထားတဲ့ ပါတီတစ်ခုဆိုရင် အကွဲအပြဲတွေတောင်ဖြစ်သွားခဲ့ပါသေးတယ်။
ပြောရမယ်ဆိုရင် ပြည်ခိုင် ဖြိုးပါတီအတွက် ပြိုင်ဘက်ပါတီ အသစ်တွေ မွေးဖွားပေးခဲ့တဲ့ အဲဒီ အစီအစဉ်တွေကြောင့် တိုင်းရင်း သားနိုင်ငံရေးပါတီအသစ်တွေ ပေါ်ပေါက်လာရတာပါပဲ။ အဲဒီ တုန်းက ငွေကြေးအကူအညီတွေ သာမရခဲ့ရင် အခုလောက်အထိ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ များမှာမဟုတ်ပါဘူး။
၂၀၁၂ခုနှစ် မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မှတ်ပုံပြန်တင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်လိုက် တော့ အရင်ရွေးကောက်ပွဲကို သ ပိတ်မှောက်ခဲ့တဲ့ ၁၉၉၀တိုင်းရင်း သားပါတီတွေလည်း ကမန်းက တန်းမှတ်ပုံပြန်တင်ကြရတယ်။ ကြားဖြတ်ရွေးကောက်ပွဲကတော့ အလစ်အငိုက်မိသွားလို့ မ၀င် လိုက်ကြရပါဘူး။ UNAကို တရား ၀င်ပါတီတွေနဲ့ ပြန်ပြီးအသက်ဝင် စေခဲ့တယ်။ ၂၀၁၅အထိ သုံးနှစ် နီးပါး UNAနဲ့ NBFတို့ဟာ သီးခြား စီဖြစ်နေခဲ့ရတယ်။ အထက်မှာ ပြောခဲ့သလို တချို့က ပေါင်းစည်း ရေးလုပ်ပြီး ပူးပေါင်းကြတယ်။ တချို့က ပူးပေါင်းလို့မရခဲ့ကြဘူး။ တချို့ကတော့ ဆက်ပြီးကြိုးစား နေကြဆဲပါ။ ပူးပေါင်းပြီးသူတွေ လည်းပါတီတွင်းသဘောထားကွဲ ကြပြန်တယ်။ ပြောရရင်တော့လူ မျိုးစုတိုင်းရင်းသားနိုင်ငံရေးပါတီ တွေမညီမညွတ်ဖြစ်နေကြတယ်။ အားလုံးကို တစုတဝေးတည်းဖြစ်အောင်မစုစည်းနိုင်ကြဘူး။ တချို့ဆိုရင် စုစည်းဖို့စိတ်ကူးတောင်ရှိပုံမရကြပါဘူး။
ဘာကြောင့် ဒီလိုတွေဖြစ်ခဲ့ တာလဲ။ အဓိကကတော့ ၂၀၁၀ ရွေးကောက်ပွဲကို ၁၉၉၀တုန်းက ဖွဲ့ခဲ့တဲ့ နိုင်ငံရေးပါတီတွေက နိုင် ငံရေးအရ သပိတ်မှောက်ခဲ့ကြ တယ်။ သမိုင်းကြောင်းလှပခဲ့ပေ မယ့် နိုင်ငံရေးအရ အောင်မြင်သ လား၊ မအောင်မြင်ဘူးလားဆိုတာ တော့ အဖြေမထွက်ခဲ့ပါဘူး။ အ ဖြေထုတ်ဖို့လည်း ဘယ်သူကမှ ကြိုးစားအားထုတ်ကြပုံမရပါဘူး။ အဲဒီတုန်းကတော့ အခက်အခဲအ ကျပ်အတည်းပေါင်းစုံနဲ့ စစ်အစိုး ရကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြတာ မို့ စည်းစည်းရုံးရုံးလက်တွဲဆောင် ရွက်ခဲ့တာပါ။ ဒါပေမဲ့လည်း ရရှိခဲ့ တဲ့အကျိုးဆက်ကတော့ နောက် ထပ်တိုင်းရင်းသားနိုင်ငံရေးပါတီ အသစ်တွေထပ်ပေါ်လာတယ်။ ထပ်ပေါ်လာတဲ့ တိုင်းရင်းသားနိုင် ငံရေးပါတီအသစ်တွေနဲ့ ရှိနေပြီး သား တိုင်းရင်းသားနိုင်ငံရေးပါတီ တွေဟာ သဘောတရားမှာမတူ ကြတော့ဘူး။ အမြင်တွေလည်း ကွဲပြားသွားကြတယ်။ ပေါင်းစည်း ဖို့ဆိုတာလည်း သိပ်ကိုခက်သွား ကြတယ်။ အဲဒီအကွဲအပြဲတွေ ကြောင့် တိုင်းရင်းသားနိုင်ငံရေး ပါတီတွေ ၂၀၁၅ရွေးကောက်ပွဲ မှာ မရှုမလှရှုံးနိမ့်သွားကြတယ်ဆို တဲ့ အယူအဆတွေလည်းပေါ်ခဲ့ တာ ဖြစ်ပါတယ်။ ကျွန်တော့်ဆန်း စစ်ချက်ကတော့ အင်အားကြီးနိုင် ငံရေးပါတီကြီးက အလှည့်အ ပြောင်း(ဂငယ်ကွေ့)သိပ်ကိုမြန် လွန်းတာကြောင့် လက်တွဲဖော်ပါ တီကလေးတွေ လူးလှိမ့်ကျန်ရစ်ခဲ့ တယ်လို့ပဲ မြင်မိပါတယ်။
ဖြစ်ခဲ့ကြတာနဲ့ပတ်သက်ပြီး သူ့အယူအဆနဲ့သူ၊ သူ့ယုံကြည် ချက်နဲ့သူမို့ ဘယ်သူ့ကိုမှ အပြစ်မ တင်လိုပါဘူး။ ကံကြမ္မာလို့ပဲ မှတ်ယူထားတာအကောင်းဆုံးပါပဲ။ နိုင်ငံရေးလုပ်ဆောင်ချက်တွေရဲ့ နောက်ဆက်တွဲမှာမမျှော်လင့်ပဲ ပေါ်ပေါက်လာတတ်တဲ့ လှိုင်းဂ ယက်လို့ ဆိုရင်လည်းမမှားပါဘူး။ တမင်သက်သက်ညစ်ပတ်တာမ ဟုတ်လို့လည်းအပြစ်ပြောစရာမ ရှိပါဘူး။ အဲဒီလိုဖြစ်လာလိမ့်မယ် လို့လည်း ဘယ်သူကမှ မခန့်မှန်း နိုင်ခဲ့ကြပါဘူး။ နိုင်ငံရေးဂုရုကြီး တွေတောင် ဒီလိုဖြစ်နိုင်တယ်ဆို တာ မမြင်ခဲ့ကြပါဘူး။
တိုင်းရင်းသားနိုင်ငံရေးပါတီ တွေ ဘာကြောင့် ဒီလိုကွဲပြားနေ ကြရတာလဲ၊ ဘာကြောင့်မညီမ ညွတ်ဖြစ်နေကြရတာလဲ၊ ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ဘဲဆန့် ကျင်ခဲ့တာ မှန်သလား၊ မှားသ လားဆိုတာကို ပြန်လှန်သုံးသပ် ဆင်ခြင်ကြည့်နေရင်းက တွေ့ လာရတဲ့အချက်ကလေးတွေကို သင်ခန်းစာယူနိုင်အောင် ပြန် လည်မျှဝေရခြင်းပဲဖြစ်ပါတယ်။
ပြောချင်တာက CRPPမှာ ပါဝင်ခဲ့ကြတဲ့ တိုင်းရင်းသားနိုင်ငံ ရေးပါတီတွေဟာ အနစ်နာခံခဲ့ကြ တယ်။ ဒါပေမဲ့ထင်ထားတာထက် (ပြောပြနေတာထက်)ပိုပြီးနစ်နာ ခဲ့တယ်ဆိုတာကို ပြောချင်တာပါ။ ပါတီတွေတင်နစ်နာသွားသလား ဆိုတဲ့ အမေးရှိခဲ့ရင် အဲဒီလောက် မကပါဘူး။ တိုင်းရင်းသားလူမျိုး စုတချို့ရဲ့ လူမျိုးစုတွင်းစည်းလုံး ညီညွတ်မှုကိုပါ သွားရောက်ထိ ခိုက်ခဲ့တယ်ဆိုရင် မမှားလောက် ပါဘူး။
အခုလို အရပ်သားအစိုးရ စစ်စစ်ကို အာဏာလွှဲပေးခဲ့တဲ့ သ မိုင်းဝင်ကာလမျိုးမှာကျွန်တော်တို့ အားလုံးဟာ အရပ်သားအစိုးရ သစ်စစ်စစ်ကိုပြည်သူ့အကျိုးပြု လုပ်ငန်းတွေပိုမိုလုပ်ကိုင်နိုင်ဖို့ တက်ညီလက်ညီဝိုင်းဝန်းကူညီရ မယ့်အချိန်ဖြစ်ပါတယ်။ နှစ်ပေါင်း ငါးဆယ်ကျော်မှားယွင်းလာတဲ့၊ လွဲချော်လာတဲ့ အုပ်ချုပ်မှုစနစ် တွေကို ပြုပြင်ရာမှာလည်း ကျွန် တော်တို့ အားလုံးဟာ မိမိတို့ကျ ရာတာဝန်၊ ရောက်ရာနေရာက နေ ၀ိုင်းဝန်းကူညီရမယ့်ကာလ လည်းဖြစ်ပါတယ်။ နှစ်ပေါင်းများ စွာ၊ အဆင့်ပေါင်းများစွာ၊ ဘ၀ ပေါင်းများစွာနဲ့ ရင်းနှီးပြီးရလာခဲ့ တဲ့ ပြည်သူ့အာဏာကို ကာကွယ် စောင့်ရှောက်ရမယ့် အချိန်သမယ ဆိုလည်း မမှားလောက်ပါဘူး။
ဒါပေမဲ့လည်း တိုင်းရင်းသား နိုင်ငံရေးပါတီတွေအဖို့မှာတော့ နည်းပါးလွန်းတဲ့ နိုင်ငံရေးဖြတ် သန်းမှုအတွေ့အကြုံကပဲ စကား ပြောနေသလားမသိတော့ပါ။ အ ခုဆိုရင် လူမျိုးစုတိုင်းရင်းသား၊ နိုင်ငံရေးပါတီတွေဟာ နောက်ဆက်တွဲဇာတ်လမ်းတွေအဖြစ် အစိပ်စိပ်အမြွှာမြွှာကွဲပြားနေပြီး သူတစ်ဖုံ ငါတစ်မျိုးအမွေဆိုးတွေနဲ့ နပန်းလုံးဖြစ်နေကြရဆဲဖြစ်နေကြောင်းပါ။
7Days Daily (Issue No. 1107 Thursday, June 2, 2016)

No comments:

Post a comment